News

အမှတ်စဉ် ၁၄ သင်တန်းဖွဲ့ပွဲ

အမှတ်စဉ် ၁၄ သင်တန်းဖွဲ့ပွဲ

စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သင်တန်းကျောင်းများ

ကြီးကြပ်ရေးဌာန ကြီးကြပ်မှုအောက်ရှိ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) ၂၀၂၆-၂၀၂၇ လေ့ကျင့်ရေးနှစ်၊ စက်မှုကျွမ်းကျင် ပုံမှန်(၁)နှစ်သင်တန်း အမှတ်စဉ်(၁၄) သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၄.၅.၂၀၂၆)ရက်နေ့(၁၀:၀၀)နာရီ ချိန်တွင် အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) Auditorium ခန်းမ၌ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဉပဒေချုပ်၊ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြဦး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ သင်တန်းကျောင်းများကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး၊ တိုင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ(၁၅၆)ဦးတို့ တက်ရောက်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဖွင့် မိန့်ခွန့်မြွက်ကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းဖွင့် အမှာစကား မြွက်ကြား ခဲ့ပါသည်။ 

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)တွင် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်း သင်တန်း နှင့် ကွန်ပျူတာသုံးဒီဇိုင်းရေးဆွဲခြင်းနှင့်ထုတ်လုပ်မှုသင်တန်းများကို ၄.၅.၂၀၂၆ မှ ၁၉.၃.၂၀၂၇ ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။ အမှတ်စဉ်(၁၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၀း၄၅)ချိန် တွင် ရုတ်သိမ်းခဲ့ပါသည်။

 

Related News