မကွေးတိုင်းဒေသကြီး သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လာရောက်၍ “ကမ္ဘာတစ်ဝန်း
ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး’’ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲ အား (၂၂.၅.၂၀၂၅) ရက်နေ့တွင် သင်တန်း ကျောင်းရှိ Auditorium ခန်းမ တွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။