၅.၁၀.၂၀၂၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာဆရာများနေ့ဂုဏ်ပြုသည့်အနေဖြင့် စက်မှုသင်တန်းကျောင်းများရှိ ဆရာ/ဆရာမ များအား ဂုဏ်ပြုသည့်အခမ်းအနားတွင်
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ ဂုဏ်ပြုမှတ်တမ်းတင်စကားပြောကြားခြင်း၊ စက်မှုသင်တန်း ကျောင်းများ၏ Education Philosophy အကြောင်းရှင်းလင်းပြောကြားခြင်း ၊The Best Teacher of Year (2025) ဂုဏ်ပြုဆုပေးအပ်ခြင်း နှင့် ကမ္ဘာဆရာများနေ့ ဂုဏ်ပြုအမှတ်တရ ပို့စကဒ်များအား ဆရာ၊ ဆရာမများသို့ ပေးအပ်ခဲ့ပါသည်။
အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) ကျောင်းအုပ်ကြီး မှ The Best Teacher of Year (2025) ဂုဏ်ပြုဆု ရရှိသော ဒု-နည်းပြ ဦးပိုင်စိုးစံအား ဂုဏ်ပြုအမှတ်တရလက်ဆောင်နှင့် ကမ္ဘာဆရာ များနေ့ ဂုဏ်ပြုအမှတ်တရ ပို့စကဒ်များအား ဆရာ၊ဆရာမများသို့ ပေးအပ်ခဲ့ပါသည်။