၁။ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာန ကြီးကြပ်မှုအောက်ရှိ
အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) ၂၀၂၅-၂၀၂၆ လေ့ကျင့်ရေးနှစ်၊ ကျွမ်းကျင်မှုအခြေပြုကာလတို(၃)လသင်တန်း အမှတ်စဉ်(၂) အခြေခံသံဂဟေ ဆက်ပညာသင်တန်းကို သင်တန်းသား(၂၀)ဦးဖြင့် (၅.၁၁.၂၀၂၅ မှ ၃၀.၁.၂၀၂၆)ရက်နေ့ထိ သင်တန်းကာလ(၃)လကြာ သင်ကြားခဲ့ခြင်းဖြစ်ပါသည်။
၂။ အဆိုပါသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားအား (၃၀.၁.၂၀၂၆)ရက်နေ့ (၀၉:၀၀) နာရီချိန်တွင် အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး) Auditorium ခန်းမ၌ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို ကျောင်းအုပ်ကြီးဦးမိုးမင်းထွဋ်မှ သင်တန်းသားများအား သင်တန်းဆင်းမိန့်ခွန့် မြွတ်ကြားခဲ့ပါသည်။ ဆက်လက်၍ ကျွမ်းကျင်မှုအခြေပြုကာလတို (၃)လသင်တန်း သင်တန်းဆင်းသင်တန်းသားများအား သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားကို (၁၀:၀၀)ချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

