News

သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်း

သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်း

အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး)သင်တန်းအမှတ်စဉ်(၁၂)အား (၆.၅.၂၀၂၄)ရက်နေ့တွင်စတင်ဖွင့်လှစ် ခဲ့ပြီး(၂၁.၃.၂၀၂၅)ရက်နေ့တွင် သင်တန်းဆင်းပွဲအခမ်းအနားကိုအောင်မြင်စွာ ကျင်းပခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးဝန်ကြီး ဦးအောင်ချိန်၊ သယံ ဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်း ဆက်သွယ် ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင် ရွက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြဦး၊  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး ဦးကျော်စွာဦး၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ထွန်း အောင်၊ တိုင်းခရိုင်အဆင့်ဌာနဆိုင်ရာ များ၊ သင်တန်းကျောင်းမှ ကျောင်းအုပ် ကြီး၊ ကျောင်းအုပ်၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ သင်တန်းဆင်း သင်တန်းသား/သူ (၁၆၈)ဦးတို့ တက်ရောက်ခဲ့ပါသည်။

ပထမဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းမှ video clip ဖြင့် သင်တန်းဆင်း သင်တန်းသား/သူများ အား သင်တန်းဆင်း မိန့်ခွန်းပြောကြား ခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ နှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမြဦးတို့မှ  စံပြကျောင်းသား ဆု၊ ဘာသာရပ်အလိုက် ထူးချွန်ဆုရ သင်တန်းသား/သူများအား ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) သင်တန်းအမှတ်စဉ်(၁၂)တွင်  သင်တန်းသား (၁၂၅)ဦး၊ သင်တန်းသူ (၄၆)ဦး စုစုပေါင်း သင်တန်းသား/ သင် တန်းသူ(၁၇၁)ဦးဖြင့် ဖွှင့်လှစ်ခဲ့ပြီး သင်တန်းသား (၁၂၂)ဦး၊ သင်တန်း သူ(၄၆)ဦး စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၁၆၈)ဦးအား အောင်မြင် စွာမွေးထုတ် ပေးနိုင်ခဲ့ပါသည်။

Related News