အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)မှ စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းအပတ်စဉ် (၁၁၀) အခြေခံသံဂဟေဆက်သင်တန်းဖွင့်လှစ်

Post by ITC Magway | 2019-12-10

သင်တန်းသားများနှင့် စုပေါင်းဓါတ်ပုံရိုက်ကူးစဉ်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်ပြီး အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)က တာဝန်ယူဖွင့်လှစ်သည့် စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းအပတ်စဉ် (၁၁၀) အခြေခံသံဂဟေဆက်သင်တန်းအား မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သုံးဆယ့်ခြောက်ကျေးရွာအုပ်စု၊ ဇောင်ဂျမ်းကုန်းကျေးရွာ၊ ရေနံချောင်းစက်မှုဇုံခန်းမတွင်  ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၅) ရက် နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့ အထိ ၂-ပတ်ကြာ ဖွင့်လှစ်ခဲ့ပါသည်။

          အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားအား သင်တန်းပြုလုပ်ရာ ရေနံချောင်းမြို့နယ်၊ သုံးဆယ့်ခြောက်ကျေးရွာအုပ်စု၊ ဇောင်ဂျမ်းကုန်းကျေးရွာ၊ ရေနံချောင်း စက်မှုဇုံခန်းမတွင်   (၉.၁၂.၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီ၌ ကျင်းပပြုလုပ်ရာ ရေနံချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်နှင့် အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) ကျောင်းအုပ်ကြီး ဦးသန့်ဇင်တို့ တက်ရောက်ပြီး သင်တန်းဆင်းအမှာစကားများ ပြောကြား ခဲ့ပါသည်။

          ထို့နောက် ထူးချွန်ဆုရရှိသူများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟောက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး) မှ ကျောင်းအုပ်ကြီး ဦးသန့်ဇင်က သင်တန်းသားကိုယ်စားလှယ်တစ်ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက သင်တန်းတက်ရောက်ခွင့် ရရှိခဲ့သည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဧည့်သည်တော်များနှင့် သင်တန်းဆင်းများ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြပါသည်။

          ထို့နောက် ဧည့်သည်တော်များသည် သင်တန်းသားများ၏ သင်တန်းဆင်း စွမ်းဆောင် ရည်အဖြစ် ဆောင်ရွက်ခဲ့သော အိမ်သုံး/ရုံးသုံး ပရိဘောဂများကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီး အခမ်းအနားအား နံနက် (၉:၃၀) နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။

          သင်တန်းဆင်းပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟောနှင့် ရေနံချောင်းမြို့နယ်မှ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) မှ သင်တန်းနည်းပြဆရာ/ ဆရာမများ၊ သင်တန်းဆင်း သင်တန်းသားများ တက်ရောက်ခဲ့ ကြပါသည်။

          သင်တန်းတွင် ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား (၄၀) ဦး၊ တက်ရောက် သင်တန်းဆင်းခဲ့ကြပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများတွင် အရေးပါသော သံဂဟေဆက်အတတ်ပညာအား စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြား ပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျော့ချရေး၊ အလုပ်အကိုင်ရရှိရေး အထောက်အကူပြု ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

Back ⇦
		

(1) Automobile Maintenance Course •Engine Maintenance Module •Automobile Electricity & Electronic Module •Transmission & Chassis Module •Body Repairing & Painting Module
(2) CAD/CAM Course

(၁) အမှတ်(၁) စက်မှုသင်တန်းကျောင်း ( ဆင်တဲ )

(၂) အမှတ်(၂)စက်မှုသင်တန်းကျောင်း ( မန္တလေး )

(၃) အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ )

(၄) အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ )

(၅) အမှတ်(၆)စက်မှုသင်တန်းကျောင်း ( မြင်းခြံ )

Name

Email Address

Course of Interest

Message