စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း ၊ အမှတ်စဉ် (၁၀) ဖွင့်လှစ်ရန်အတွက် သင်တန်းသား သစ်များ ခေါ်ယူ

Post by ITC Magway | 2020-01-15

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) ၏ စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း ၊ အမှတ်စဉ် (၁၀) ဖွင့်လှစ်ရန်အတွက် သင်တန်းသား သစ်များ ခေါ်ယူလျက်ရှိပါတယ်။

အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး)၏ စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်းကို ၂၀၂၀ ခုနှစ်၊ မေလ (၁၈) ရက်နေ့တွင် ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါသင်တန်းအတွက် သင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၇၀)ဉီး ခေါ်ယူသွားမည်ဖြစ်ပါတယ်။ သင်တန်းကို စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်း ဖြင့် သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။

တက်ရောက်ခွင့်ရရှိသည့် သင်တန်းသားများသည် သင်တန်းကာလအတွင်း မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှုဘာသာရပ်နှင့် ကွန်ပျူတာသုံးဒီဇိုင်းရေးဆွဲ/ထုတ်လုပ်မှု ဘာသာရပ်များကို လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

စိတ်ပါဝင်စားသူများအနေဖြင့် သင်တန်းဝင်ခွင့်နှင့်ပတ်သက်သည့် အချက်အလက်များကို အောက်တွင် လေ့လာနိုင်ပါသည်။

သင်တန်းဝင်ခွင့်လျှောက်လွှာပုံစံများကိုလည်း အခမဲ့ Download ချ၍၎င်း၊ သက်ဆိုင်ရာဌာနများတွင် ထုတ်ယူ၍၎င်း ရယူနိုင်ပါသည်။

Back ⇦
		

(1) Automobile Maintenance Course •Engine Maintenance Module •Automobile Electricity & Electronic Module •Transmission & Chassis Module •Body Repairing & Painting Module
(2) CAD/CAM Course

(၁) အမှတ်(၁) စက်မှုသင်တန်းကျောင်း ( ဆင်တဲ )

(၂) အမှတ်(၂)စက်မှုသင်တန်းကျောင်း ( မန္တလေး )

(၃) အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ )

(၄) အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ )

(၅) အမှတ်(၆)စက်မှုသင်တန်းကျောင်း ( မြင်းခြံ )

Name

Email Address

Course of Interest

Message