မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့တွင် စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း အပတ်စဉ်(၁၁၇) အခြေခံလျှပ်စစ်ပညာ သင်တန်းဖွင့်လှစ်

Post by ITC Magway | 2020-02-25

သင်ထောက်ကူပစ္စည်းများကြည့်ရှု

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်ပြီး အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)က တာဝန်ယူဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း အပတ်စဉ်(၁၁၇) အခြေခံလျှပ်စစ်ပညာ သင်တန်းအား မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာ၊ ရွာဦးကျောင်းတွင် ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့မှ မတ်လ (၈)ရက်နေ့အထိ ၂-ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားအား သင်တန်းပြုလုပ်ရာ မင်းလှမြို့နယ်၊ ပန်းတော် ပြင်ကျေးရွာ၊ ရွာဦးကျောင်းတွင် (၂၄.၂.၂၀၂၀)ရက်နေ့ နံနက်(၉:၃၀)နာရီ၌ ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ၊  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်း နှင့် အမှတ်(၅)စက်မှု သင်တန်းကျောင်း(မကွေး) ကျောင်းအုပ်ကြီး ဦးသန့်ဇင် တို့က သင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ အမှာစကားများ ပြောကြားခဲ့ကြပါသည်။  

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မင်းလှမြို့နယ်မှ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)မှ သင်တန်း နည်းပြဆရာ/ ဆရာမများ၊ သင်တန်း တက်ရောက်ကြမည့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းတွင် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား(၄၀)ဦး၊ တက်ရောက်သွားမည်ဖြစ်ပါသည်။ လျှပ်စစ်ကျွမ်းကျင်လုပ်သားများအတွက် လိုအပ်သော အခြေခံအိမ်သုံး လျှပ်စစ်ဝါယာသွယ်တန်းခြင်း အတတ်ပညာကို စာတွေ့/လက်တွေ့ လေ့ကျင့် သင်ကြား ပေးသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျော့ချရေး၊ အလုပ်အကိုင်ရရှိရေး အထောက်အကူပြု ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

Back ⇦
		

(1) Automobile Maintenance Course •Engine Maintenance Module •Automobile Electricity & Electronic Module •Transmission & Chassis Module •Body Repairing & Painting Module
(2) CAD/CAM Course

(၁) အမှတ်(၁) စက်မှုသင်တန်းကျောင်း ( ဆင်တဲ )

(၂) အမှတ်(၂)စက်မှုသင်တန်းကျောင်း ( မန္တလေး )

(၃) အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ )

(၄) အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ )

(၅) အမှတ်(၆)စက်မှုသင်တန်းကျောင်း ( မြင်းခြံ )

Name

Email Address

Course of Interest

Message