အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) အပတ်စဉ် (၉) ပုံမှန် (၁) နှစ်သင်တန်းဆင်းပွဲပြုလုပ်

Post by ITC Magway | 2020-03-25

ကျောင်းအုပ်ကြီးမှ ထူးခွန်သင်တန်းသူတစ်ဦးအားဆုချီးမြှင့်

အမှတ် (၅) စက်မှုသင်တန်းကျောင်း(မကွေး) ကို ၂၀၁၁ ခုနှစ်တွင် ကိုရီးယားနိုင်ငံ KOICA အဖွဲ့အစည်းနှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းတည်ထောင်ခဲ့ပြီး အခြေခံပညာ အထက်တန်းအဆင့် လူငယ်များကို စက်မှုအတတ်ပညာများ သင်ပေးကာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့သည်မှာ ပုံမှန် (၁) နှစ်သင်တန်း အပတ်စဉ် (၉) ခု ပြီးဆုံးခဲ့ပြီ ဖြစ်ပါသည်။

          ယခုသင်တန်းဆင်းသည့် အပတ်စဉ် (၉) သင်တန်းအား ၂၀.၅.၂၀၁၉ တွင် သင်တန်းသား (၁၇၀) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း (၁၄၀) ဦးနှင့် ကွန်ပျူတာအသုံးပြု ဒီဇိုင်းရေးဆွဲထုတ်လုပ်မှုသင်တန်း (CAD/CAM) (၃၀) ဦးတို့ကို  လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

          သင်တန်းဆင်းပွဲ အခမ်းအနားအား ၂၅.၃.၂၀၂၀ ရက်နေ့ (၀၉၀၀) နာရီတွင် သင်တန်းကျောင်း Auditorium ခန်းမတွင် ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းဆင်းကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးသန့်ဇင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ထူးချွန်ကျောင်းသားများ ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းများပြုလုပ်ခဲ့ပါသည်။

          အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) သည် အပတ်စဉ် (၈) သင်တန်းအထိ သင်တန်းဆင်း (၁၁၉၂) ဦးကို မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခဲ့ကာ ယခုသင်တန်းဆင်းသည့် သင်တန်းသား (၁၆၇) ဦးကိုလည်း သင့်တော်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ပါသည်။ စုစုပေါင်း သင်တန်းဆင်း (၁၃၅၉) ဦး မွေးထုတ်ပေးခဲ့ပြီဖြစ်ပါသည်။

Back ⇦
		

(1) Automobile Maintenance Course •Engine Maintenance Module •Automobile Electricity & Electronic Module •Transmission & Chassis Module •Body Repairing & Painting Module
(2) CAD/CAM Course

(၁) အမှတ်(၁) စက်မှုသင်တန်းကျောင်း ( ဆင်တဲ )

(၂) အမှတ်(၂)စက်မှုသင်တန်းကျောင်း ( မန္တလေး )

(၃) အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ )

(၄) အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ )

(၅) အမှတ်(၆)စက်မှုသင်တန်းကျောင်း ( မြင်းခြံ )

Name

Email Address

Course of Interest

Message