Post by ITC Magway | 2019-10-02

ကားအင်ဂျင်ဝိုင်နဲ့ ပတ်သက်ပြီး မေးစရာ မေးခွန်း (၄) ခုရှိပါတယ်။

၁။ ဘယ်အချိန်မှာ ကားအင်ဂျင်ဝိုင်ကို လဲလှယ်ရမလဲ ?

ကားတစ်စီးနဲ့တစ်စီး ၊ မော်ဒယ်တစ်ခုနဲ့တစ်ခု ၊ ထုတ်လုပ်တဲ့ခုနှစ်တွေ စတဲ့အချက်တွေပေါ်မူတည်ပြီး အင်ဂျင်ဝိုင်လဲလှယ်ရမည့် အချိန်ကာလ ကွဲပြားပါတယ်။ အခုနောက်ပိုင်းတွေမှာ အင်ဂျင်ဝိုင် လဲလှယ်ရမည့် ကာလကို အလိုအလျောက် အချက်ပေးတဲ့စနစ်တွေ ပါဝင်လာပါတယ်။

၂။ အင်ဂျင်ဝိုင် Level ကို ဘယ်အချိန်တွေမှာ စစ်ဆေးရမလဲ ?

အကြံပြုချင်တာကတော့ တစ်လတစ်ခေါက် အနည်းဆုံး အင်ဂျင်ဝိုင် Level ကို စစ်ဆေး ပေးစေချင်ပါတယ်။ မနက်စောစော ကားကင်ဂျင်လုံးဝ မနှိုးရသေးတဲ့အချိန် ကားစက်ဖုံးကို ဖွင့်ပြီးတော့ အင်ဂျင်ဝိုင် တုတ်တိုင်းကို ထုတ်ကာ အင်ဂျင်ဝိုင်ပမာဏကို စစ်ဆေးနိုင်ပါတယ်။ အင်ဂျင်ဝိုင်ပမာဏဟာ အနည်းဆုံးနဲ့ အများဆုံးအမှတ် ၂ မှတ်ရဲ့ကြားထဲမှာ ရှိနေဖို့ လိုပါတယ်။ နည်းနေရင်ထပ်ဖြည့်ပေးရမှာဖြစ်ပြီး များနေရင်တော့ ကားဝပ်ရှော့မှာ စက်ပြင်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

၃။ ဘယ်အင်ဂျင်ဝိုင်ကို ရွေးချယ်ရမလဲ ?

မိမိအသုံးပြုတဲ့ ကားမော်ဒယ်ပေါ်မူတည်ပြီး သုံးသင့်တဲ့ အင်ဂျင်ဝိုုင်များစွာ ကွဲပြားပါတယ်။ အခုနောက်ပိုင်း ကားအင်ဂျင်ဝိုင်အမျိုးအစားတွေကလည်း များစွာရှိလို့ ရွေးချယ်ရတာ ခေါင်းကိုက်နေရင် စက်ပြင်တွေရဲ့ အကြံဉာဏ်တွေ ရယူပါ။ ယေဘုယျအားဖြင့်တော့ ဆီသား ပါးပြီး ပျစ်ချွဲမှုကောင်းတဲ့ Multi - grade Engine Oil တွေကို ရွေးချယ် သင့်ပါတယ်။

၄။ ဈေးကြီးတိုင်းကောင်းသလား ?

ဈေးကွက်ထဲမှာ ဈေးပေါတဲ့အင်ဂျင်ဝိုင်တွေရှိသလို ဈေးကြီးတဲ့ အင်ဂျင်ဝိုုင်တွေလည်း ရှိပါတယ်။ သူ့ဟာနဲ့သူ သင့်တော်ရာကားတိုင်းမှာ အသုံးပြုသင့်ပါတယ်။ ဥပမာ - Fully - synthetic Engine Oils တွေက ဈေးကြီးသလို ကားအင်ဂျင်ကိုလည်း အခြားသော အင်ဂျင်ဝိုင်တွေထက် ပိုပြီး ကာကွယ်ပေးပါတယ်။

 Credit : Original Writer

Back ⇦
		

(1) Automobile Maintenance Course •Engine Maintenance Module •Automobile Electricity & Electronic Module •Transmission & Chassis Module •Body Repairing & Painting Module
(2) CAD/CAM Course

(၁) အမှတ်(၁) စက်မှုသင်တန်းကျောင်း ( ဆင်တဲ )

(၂) အမှတ်(၂)စက်မှုသင်တန်းကျောင်း ( မန္တလေး )

(၃) အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ )

(၄) အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ )

(၅) အမှတ်(၆)စက်မှုသင်တန်းကျောင်း ( မြင်းခြံ )

Name

Email Address

Course of Interest

Message