Post by ITC Magway | 2019-10-03
ကားတစ်စီးရဲ့ လေစစ်ဆိုတာ ဈေးလည်းသိပ်ပြီး မကြီးသလို ထိန်းသိမ်းပြုုပြင်ရတဲ့ အပိုင်းမှာလည်း လွယ်ကူပါတယ်။
လေစစ်မရှိရင် ကားအတွင်းကို ရိုက်သွင်းလိုက်တဲ့ လေတွေကတဆင့် အင်ဂျင်ထဲကို လေနဲ့အတူ အမှိုက်တွေ ဝင်ရောက်သွား စေနိုင်ပါတယ်။
လေစစ်မှာ ဖုန်မှုန့်းနဲ့ အမှိုက်တွေပိတ်နေရင်လည်း အင်ဂျင်ထဲကို လေဝင်ရောက်မှုနည်းစေပြီး အင်ဂျင် အရုန်းအဆွဲ ကျဆင်းစေပါတယ်။ အဲဒါကြောင့် ကားတစ်စီးရဲ့ လေစစ် ဆေးကြော၊ လဲလှယ်တာတွေ လုပ်ဖို့အတွက် ကာဆားဗစ် မကြာခဏ သွားစရာမလိုဘဲ ကိုယ်တိုင် ပြုပြင် ဆေးကြောနိုင်မယ့် နည်းလမ်းတွေကို အဆင့်ဆင့် ဖော်ပြပေးပိုက်ပါတယ်။
အဆင့် ( ၁ )
မိမိကားနဲ့ကိုက်ညီတဲ့ လေစစ်၊ ကားထုတ်လုပ်သူက ညွှန်ပြပေးထားတဲ့ လေစစ် အသစ်တစ်ခုကို ကာပစ္စည်း အရောင်းဆိုင်တွေမှာ ရွေး ချယ်ဝယ်ယူပါ။ အဲ့ဒါဆိုရင်တော့ ကားလေစစ်ရဲ့ မူလ အနေအထားကို မြင်တွေ့ဆိုင်ပြီ ဖြစ်ပါတယ်။
အဆင့်(၂)
ဒုတိယအဆင့်မှာတော့ မြေပြင်ညီနေရာမှာ ကားကို ပါကင်နေရာမှာ ပါကင်ထိုးပြီး အော်တိုဂီယာဆို P မှာထာားပါ။ မန်နူရယ်ဂီယာဆိုုရင် ပထမဆုံးဂီယာမှာ ထားပါ။
အဆင့်(၃)
တတိယအဆင့်မှာတော့ ကားဘောနက်ဖုံး ကိုဖွင့်ပြီး သေချာအောင်ဒေါက်ထောက်ပါ။ လေစစ် ဗူးကိုရှာပါ။ လေစစ်ဗူးအဖုံး ကလစ်တွေကို ဖြုတ်ထုတ်ပြီး အဖုံးကို ဖယ်ထုတ်ပါ။ လေစစ်ကို ထုတ်ယူပါ။
အဆင့်(၄)
လေစစ်အသစ်နဲ့ကားထဲက လေစစ်ကို နှိုင်းယှဉ်ကြည့်ရင် လေစစ် အဟောင်း ကပ်နေတဲ့အမှိုက်တွေနဲ့ ဖုန်မှုန့်တွေ ဘယ်လောက်များနေလဲ သိနိုင်ပါတယ်။ ဆေးကြောလို့ရနိုင်မလား၊ အသစ်လဲလှယ်လို့ရ၊ မရ ဆိုတာတွေကို အမြင်ဖြင့် အရင်ဆုံးဖြတ်ပါ။ အသစ်လဲသင့်ရင် လဲလှယ်။
အဆင့်(၅)
ဆေးကြောလို့ရမယ့်အခြေအနေဆိုရင်တော့ ဖွင့်ထားတဲ့ လေစစ်ထည့်ထားတဲ့ဗူးကို ပြန်ဖုံးထားပြီး လေစစ်ကို ကာနဲ့ ဝေးတဲ့ နေရာကို ယူသွားပါ။
အဆင့်(၆)
လေစစ်ကို ရှေ့နောက်ခွဲခြား မှတ်သားပြီးနောက် လေမှုတ်စက်မှု အားအသင့်သင့်ရျိတဲ့ လေမှုတ်အားဖြင့် ရှေ့၊ နောက် တစ်ဖက်ချင်းကို မှုတ်ထုတ်ပါ။ လေစစ်က ဖုန်မှုန့်နဲ့ အမှိုက်တွေ ကင်းစင်သွားရင် မူလ အရောင်နီးပါး ပြန်ဖြစ်လာနိုင်ပါတယ်။
အဆင့်(၇)
သန့်စင်ပြီး လေစစ်ကို ကားအနီးသို့ ပြန်ယူလာပြီး မူလတပ်ဆင်တဲ့ ပုံစံအတိုင်း လေစစ်ကို ပြန်လည်တပ်ဆင်ပေးပါ။ လေစစ်ဗူးအဖုံး ကလစ်တွေကိုလည်း သေချာအောင် ချိတ်ပြီးမှ ပြန်ိပိတ်လိုက်ပါ။ ဘောနပ်ကိုလည်း သေချာပြန်ဖုံးအုပ်ပြီး ပိတ်ပေးပါ။ လေစစ်တစ်ခုကို လဲလှယ်တာ၊ ဆေးကြောတာတွေ လုပ်ဆောင်ဖို့အတွက် သတ်မှတ်ထားတဲ့ ခရီးမိုင် အကွာအဝေး သတ်မှတ်ချက်တွေလည်း ရှိနေပါတယ်။ ကားထုတ်လုပ်သူတွေကလည်း ကားအမျိုးအစားအလိုက် သတ်မှတ်ပေးထားတာတွေလည်း ရှိပါတယ်။
ယေဘူယျအနေနဲ့တော့ ကားလေစစ်ကို စစ်ဆေးပြီး လဲလှယ်တာ၊ ဆေးကြောတာ တွေလုပ်ပေးသင့်တာကတော့ အနည်းဆုံး ကီလိုမီတာ ငါးသောင်း( မိုင်သုံးသောင်းခန့် ) အသုံးပြုပြီးတိုင်း စစ်ဆေးပေးသင့်ပါတယ်။
မှတ်ချက် - ( ဖုန်ထူတပ်တဲ့နေရာတွေဘက် ခရီးထွက်ရင်တော့ အခြေအနေပေါ်မူတည်ပြီး ၂ ရက် ၃ ရက် တစ်ခါလည်း စစ်ဆေးသင့်ရင် စစ်ဆေးရပါမယ် )
Credit; CG GPS Myanmar
Back ⇦(1) Automobile Maintenance Course •Engine Maintenance Module •Automobile Electricity & Electronic Module •Transmission & Chassis Module •Body Repairing & Painting Module
(2) CAD/CAM Course
(၁) အမှတ်(၁) စက်မှုသင်တန်းကျောင်း ( ဆင်တဲ )
(၂) အမှတ်(၂)စက်မှုသင်တန်းကျောင်း ( မန္တလေး )
(၃) အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ )