Post by ITC Magway | 2019-10-03

Heavy machinery ဘဲဖြစ်​ဖြစ်​ Agriculture machinery ဘဲဖြစ်​ဖြစ်​ Automobile ဘဲဖြစ်​ဖြစ်​ Over heat troubleshooting က အတူတူဘဲ..... အဲ့​တော့ Heat Transfer(အပူ​တွေကူး​ပြောင်းပုံ) ၃ မျိုးရှိတယ်​။

၁။ conduction-​လျောက်​ကူးခြင်း

၂။ convection-စီးကူးခြင်း

၃။ radiation-ဖြာကူးခြင်း

ဥပမာ - ဖ​ယောင်းတိုင်​ မီး နား စတိးဇွန်းထား လက်​ကိုင်​ ကပူလာတာမျိုး ကို ​လျောက်​ကူးခြင်းလို့​ခေါ်တယ်​

​ရေ​နွေးအိုး ထဲက ​ရေ​နွေးပူလာတာကို စီးကူးခြင်း လို့ မှတ်​ပါ။ မီဖိုနား မီးလုံကြည့် အ​နွေးဓာတ်​ရတာ ဖြာကူးခြင်း ဆိုပါ​တော့... အထူးသဖြင့် Diesel Engine ကို တနည်းအားဖြင့် Compression Ignition လို့​ခေါ်တယ်​။

AGTI second year ,mechanical internal combustion engine module မှာ​လေ့လာနိုင်​တယ်​။ Diesel engine က ဖိအား၊ အပူ ၊ ထုထည်​ အချိုး​တွေက​နေ ဆီဖြန်းပေါက်​ကွဲ ​စေတဲ့ အတွက်​ Gasoline engine ထက်​အပူပိုထုတ်​တယ်​။

အဲဒီအပူ​တွေကို ဘယ်​လို ဖယ်​ရှားမလဲ ? (၂)နည်းရှိတယ်​....

၁။ water နဲ့ ဖယ်​မယ်​။

၂။ Air နဲ့ဖယ်​မယ်​။

Air က​တော့ ရှင်းတယ်​။ Engine ပန်​ကာ က​နေ ​လေ မှုတ်​မယ်​၊ စုတ်​မယ်​။ Radiator ကိုအ​အေးခံမယ်​။ Dozer engine ဆိုရင်​ မှုတ်​တဲ့စနစ်​ကိုသုံးတယ်​။ Dry type ​တွေဆိုရင်​ ​ရေမပါဘဲ ​Air တစ်​မျိုးတည်း အ​အေးခံတယ်​။

ဥပမာ ဆိုင်​ကယ်​ engine ကိုကြည့်...

Water က တနည်းအားဖြင့် coolent ဆိုပါ​တော သူက​တော့ အင်​ဂျင်​ရဲ့ အတွင်းဘက်​ ​ရေလမ်း​ကြောင်း​တွေ အတိုင်းသွားပြီး အပူ​တွေသယ်​လာတယ်​ Thermo start ဖြတ်​ပြီး Radiator မှာ​လေမှုတ်​အ​အေးခံတယ်​။ Thermo start အ​ကြောင်းတော့ ​ပေရှည်​​နေမှာစိုးလို့ ​နောက်​မှ ပြောပြ​ပေးမယ်​။

​နောက်​တစ်​ခု engine oil ကလည်း Cooling system ကို support လုပ်​​သေးတယ်​။ အဲ့​တော့ heat တက်​ပြီဆိုရင်​

၁။ပန်​ကာကြိုး​လျော့​နေလား ပျက်​​နေလား

၂။ပန်​ကာ ဒလက်​​တွေ ကြိုး​နေလား

၃။water pump ပျက်​​နေလား။

၄။ coolent မသုံးမိလို့​ရေဂျိုး​တွေပိတ်​​နေလား။

၅။ ​ရေ level နည်းနေလား။

၆။ ​ရေတိုင်​ကီပိတ်​​နေလား

၇။ ​ရေပိုက်​​တွေ​ပေါက်​​နေလား

၈။ ဝန်​ပို​တွေသုံးမိလား

၉။ thermo start မ​ကောင်းလို့လား

၁၀။ မီး timing မြှင့်ထားမိလို့လား

၁၁။ gasket ​ပေါက်​သွားလို့လား

၁၂။ engine oil နည်းနေလို့လား

အမျိုးအစုံကြိုးခုန်​ဆိုပါ​တော့.. .....

Credit : Myint Thein Aung

Crown Kubora Myanmar Service Centre

Back ⇦
		

(1) Automobile Maintenance Course •Engine Maintenance Module •Automobile Electricity & Electronic Module •Transmission & Chassis Module •Body Repairing & Painting Module
(2) CAD/CAM Course

(၁) အမှတ်(၁) စက်မှုသင်တန်းကျောင်း ( ဆင်တဲ )

(၂) အမှတ်(၂)စက်မှုသင်တန်းကျောင်း ( မန္တလေး )

(၃) အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ )

(၄) အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ )

(၅) အမှတ်(၆)စက်မှုသင်တန်းကျောင်း ( မြင်းခြံ )

Name

Email Address

Course of Interest

Message