MGWMainBuilding.jpeg
MGWMainBuilding1.jpeg
MGWMainBuilding2.jpeg
previous arrow
next arrow
Shadow
စက်မှုသင်တန်းကျောင်း(မကွေး)
သမိုင်းအကျဉ်း

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)သည် ကိုရီးယာသမ္မတနိုင်ငံ၏ အထောက်အပံ့ကို Korea International Cooperation Agency – KOICA အဖွဲ့အစည်းက စက်မှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းကျောင်းတည်ဆောက်ရေးဆိုင်ရာ Record of Discussion (ROD)ကို (၂၄.၃.၂၀၁၀) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

သင်တန်းကျောင်းကို (၁၀.၇.၂၀၁၀)ရက်နေ့တွင် လွှဲပြောင်းလက်ခံခဲ့ပြီး အမှတ်စဉ် (၁)သင်တန်းကို (၁၉.၈.၂၀၁၁)ရက်နေ့၌ ဖွင့်လှစ်ခဲ့ပါသည်။ ကိုးရီးယာပညာရှင် (၄)ဦးအနက် (၁)ဦးမှာ (၁)နှစ်နေထိုင်ပြီး ကျန် (၃)ဦးမှာ (၆)လစီနေထိုင်၍ လမ်းညွှန်ပြသခဲ့ပါသည်။ မြန်မာနည်းပြ (၁၂)ဦးအား Instructor Course (၃)လ နှင့် ရက်သတ္တ(၂)ပတ်ကြာ Administrator Course များအဖြစ် မြန်မာဝန်ထမ်း (၅)ဦးကို ကိုရီးယားသမ္မတနိုင်ငံတွင် သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)သည် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ မကွေးစက်မှုနယ်မြေတွင် တည်ရှိပါသည်။ သင်တန်းကျောင်းစီမံကိန်းကို အမေရိကန်ဒေါ်လာ (၃)သန်းနှင့် နိုင်ငံတော်အစိုးရမှ စိုက်ထုတ်ငွေ (၆၀၄၈)ကျပ်သန်းဖြင့် တည်ထောင်ခဲ့ပါသည်။ သင်တန်းကျောင်းတွင် သင်ကြားပေးသည့် ဘာသာရပ်များသည် (၁)နှစ်သင်တန်းများဖြစ်ပြီး သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(1) Automobile Maintenance Course

  • Engine Maintenance Module
  • Automobile Electricity & Electronic Module
  • Transmission & Chassis Module
  • Body Repairing & Painting Module

(2) CAD/CAM Course

 

Update News

  • စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အမှတ်(၅)စက်မှု သင်တန်းကျောင်း(မကွေး) ပုံမှန် (၁)နှစ်သင်တန်း သင်တန်းအမှတ်စဉ် (၁၁)ရဲ့ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၈.၅.၂၀၂၃ ရက်နေ့ နေ့လည် (၁၄၀၀)နာရီအချိန်တွင် အမှတ်(၅)စက်မှု သင်တန်းကျောင်း(မကွေး) Auditorium ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

    Read more: ပုံမှန် (၁)နှစ်သင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်လှစ်ခြင်း

  • သင်တန်းကျောင်း၌ (၂၂.၁.၂၀၂၃) တနင်္ဂနွေနေ့တွင်  ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ အား စတုထ္တအကြိမ်မြောက် ကိုဗစ်ကာကွယ်ဆေး

    Read more: ၄ ကြိမ်မြောက် ကိုဗစ်-၁၉ ဆေးထိုး

  • စက်မှုဝန်ကြီးဌာန၊  စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာန၊ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)နှင့်  အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) တို့ပူးပေါင်းစီစဉ်ပြီး တာဝန်ယူဖွင့်လှစ် သည့် စက်ရုံအခြေပြု စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း

    Read more: အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်) တွင် Mobile သင်တန်းဖွင့်လှစ်