MGWMainBuilding.jpeg
MGWMainBuilding1.jpeg
MGWMainBuilding2.jpeg
previous arrow
next arrow
Shadow
စက်မှုသင်တန်းကျောင်း(မကွေး)
သမိုင်းအကျဉ်း

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)သည် ကိုရီးယာသမ္မတနိုင်ငံ၏ အထောက်အပံ့ကို Korea International Cooperation Agency – KOICA အဖွဲ့အစည်းက စက်မှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းကျောင်းတည်ဆောက်ရေးဆိုင်ရာ Record of Discussion (ROD)ကို (၂၄.၃.၂၀၁၀) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

သင်တန်းကျောင်းကို (၁၀.၇.၂၀၁၀)ရက်နေ့တွင် လွှဲပြောင်းလက်ခံခဲ့ပြီး အမှတ်စဉ် (၁)သင်တန်းကို (၁၉.၈.၂၀၁၁)ရက်နေ့၌ ဖွင့်လှစ်ခဲ့ပါသည်။ ကိုးရီးယာပညာရှင် (၄)ဦးအနက် (၁)ဦးမှာ (၁)နှစ်နေထိုင်ပြီး ကျန် (၃)ဦးမှာ (၆)လစီနေထိုင်၍ လမ်းညွှန်ပြသခဲ့ပါသည်။ မြန်မာနည်းပြ (၁၂)ဦးအား Instructor Course (၃)လ နှင့် ရက်သတ္တ(၂)ပတ်ကြာ Administrator Course များအဖြစ် မြန်မာဝန်ထမ်း (၅)ဦးကို ကိုရီးယားသမ္မတနိုင်ငံတွင် သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)သည် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ မကွေးစက်မှုနယ်မြေတွင် တည်ရှိပါသည်။ သင်တန်းကျောင်းစီမံကိန်းကို အမေရိကန်ဒေါ်လာ (၃)သန်းနှင့် နိုင်ငံတော်အစိုးရမှ စိုက်ထုတ်ငွေ (၆၀၄၈)ကျပ်သန်းဖြင့် တည်ထောင်ခဲ့ပါသည်။ သင်တန်းကျောင်းတွင် သင်ကြားပေးသည့် ဘာသာရပ်များသည် (၁)နှစ်သင်တန်းများဖြစ်ပြီး သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(1) Automobile Maintenance Course

  • Engine Maintenance Module
  • Automobile Electricity & Electronic Module
  • Transmission & Chassis Module
  • Body Repairing & Painting Module

(2) CAD/CAM Course

 

Update News

  • 10.7. 2023 ရက်နေ့တွင် အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)ရှိ ဝန်ထမ်းများ/ဝန်ထမ်းမိသားစုဝင်များ၊ သင်တန်းသား/သူများ စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် (၁၁)နှစ်ပြည့် ကျောင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို သင်တန်းကျောင်းရှိ Auditorium ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

  • ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လာရောက်၍ အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)ရှိ ဝန်ထမ်းများနှင့် သင်တန်းသား/သူများအား သင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

    ယခုနှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day)အထိမ်းအမှတ် အခမ်းအနားကို "ဆင့်ပွားဆန်းသစ် အအေးပေးနည်းပညာ အနာဂတ်တိုးတက်ကောင်းမွန်ဖို့ ကျွန်ုပ်တို့အားလုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်စို့" "(The Next Generation Cooling: The Future is in our Hands) ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ 

     

     

     

  • အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)နှင့် မကွေးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သင်တန်းကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ယာများ၊ သင်တန်းသား/သူအိပ်ဆောင်များအတွင်း သွေးလွန်တုပ်ကွေးဖြစ်စေမည့် ခြင်အန္တရာယ်မှ ကာကွယ်ရန် ရေကန်မျာ/ရေစည်များအား ဆေးခပ်ခြင်း၊ ဖုံး/သွန်/လဲ/စစ် လုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။