အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)သည် ကိုရီးယာသမ္မတနိုင်ငံ၏ အထောက်အပံ့ကို Korea International Cooperation Agency – KOICA အဖွဲ့အစည်းက စက်မှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းကျောင်းတည်ဆောက်ရေးဆိုင်ရာ Record of Discussion (ROD)ကို (၂၄.၃.၂၀၁၀) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
သင်တန်းကျောင်းကို (၁၀.၇.၂၀၁၀)ရက်နေ့တွင် လွှဲပြောင်းလက်ခံခဲ့ပြီး အမှတ်စဉ် (၁)သင်တန်းကို (၁၉.၈.၂၀၁၁)ရက်နေ့၌ ဖွင့်လှစ်ခဲ့ပါသည်။ ကိုးရီးယာပညာရှင် (၄)ဦးအနက် (၁)ဦးမှာ (၁)နှစ်နေထိုင်ပြီး ကျန် (၃)ဦးမှာ (၆)လစီနေထိုင်၍ လမ်းညွှန်ပြသခဲ့ပါသည်။ မြန်မာနည်းပြ (၁၂)ဦးအား Instructor Course (၃)လ နှင့် ရက်သတ္တ(၂)ပတ်ကြာ Administrator Course များအဖြစ် မြန်မာဝန်ထမ်း (၅)ဦးကို ကိုရီးယားသမ္မတနိုင်ငံတွင် သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။
အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)သည် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ မကွေးစက်မှုနယ်မြေတွင် တည်ရှိပါသည်။ သင်တန်းကျောင်းစီမံကိန်းကို အမေရိကန်ဒေါ်လာ (၃)သန်းနှင့် နိုင်ငံတော်အစိုးရမှ စိုက်ထုတ်ငွေ (၆၀၄၈)ကျပ်သန်းဖြင့် တည်ထောင်ခဲ့ပါသည်။ သင်တန်းကျောင်းတွင် သင်ကြားပေးသည့် ဘာသာရပ်များသည် (၁)နှစ်သင်တန်းများဖြစ်ပြီး သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(1) Automobile Maintenance Course
- Engine Maintenance Module
- Automobile Electricity & Electronic Module
- Transmission & Chassis Module
- Body Repairing & Painting Module
(2) CAD/CAM Course
စဉ် | ဘာသာရပ် | အင်အား | သင်တန်းကာလ |
၁။
|
Automobile Maintenance Course (က) Electricity & Electronics Department (ခ) Transmission & Chassis Department (ဂ) Engine Maintenance Department (ဃ) Body repair & Painting Department |
၃၀ ဦး ၃၀ ဦး ၃၀ ဦး ၃၀ ဦး |
၁ နှစ် |
၂။ |
CAD / CAM Course |
၃၀ ဦး |
|
|
စုစုပေါင်း |
၁၅၀ ဦး |