ကာလတို (၃) လ သင်တန်း အပတ်စဉ်(၁) ဖွင့်လှစ်သင်ကြားမည်။

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) တွင် ကျွမ်းကျင်မှုအခြေပြုကာလတို (၃)လသင်တန်း အဖြစ် Motorcycle Mechanic Course ကို (၁၈.၁၁.၂၀၂၄)မှ (၁၈.၂.၂၀၂၅)ရက်နေ့အထိသင်ကြားပေးသွားမှာဖြစ်ပါသည်။

စိတ်ပါဝင်စာသူများအနေဖြင့် သင်တန်းဝင်ညွှန်ကြားချက်နှင့် သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်တွင်လေ့လာပြီး Download ပြုလုပ်နိုင်ပါသည်။ 

Form Download

 

သမိုင်းအကျဉ်းချုပ

ကိုရီယား အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Korea International Cooperation Agency – KOICA) ၏ အကူအညီ (Grand Aid) ဖြင့် ဆောင်ရွက် ထားခြင်းဖြစ်ပါသည်။ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ တွင် စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့ပြီး တည်ဆောက်ရေး ကာလ (၈) လ အကြာ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် လွှဲပြောင်း/လက်ခံပွဲ ပြုလုပ် နိုင်ခဲ့ပါသည်။

 

 

တည်နေရာ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၏ အရှေ့ဘက် (၅) မိုင်ခန့်အကွာ၊ မကွေး-တောင်တွင်းကြီးသွား ကားလမ်း မိုင်တိုင် အမှတ် (၃၂၄/၅) ၏ အနောက်ဘက် (၄) မိုင် အကွာ မကွေး စက်မှုနယ်မြေ ဧရိယာအတွင်း တည်ရှိပါသည်။

 

အနာဂါတ်မျှော်မှန်းချက်

“ယှဉ်ပြိုင်စွမ်းရည်မြင့်မားသော လုပ်သားအင်အားစုနှင့် အဆင့်မြင့် နည်းပညာများကို ဆက်လက်သင်ယူ လေ့လာနိုင်မှုရှိသည့်

ကျွမ်းကျင်ပညာရှင်များ နိုင်ငံအနှံ့ ပိုမို မွေးထုတ်ပေးရေး”

 

ရည်မှန်းချက်

  • တိုင်းပြည်၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက မောင်းနှင် အားဖြစ်သည့် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သား များမွေးထုတ်ပေးရန်နှင့် ကဏ္ဍအလိုက် သင့်တော်သည့် လုပ်ငန်းခွင်များတွင် တာဝန်ယူ ထမ်းဆောင် နိုင်စေရန်။
  • ပြည်တွင်းကျမ်းကျင်လုပ်သားများ လိုအပ်ချက်မညီမျှမှုအား တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးရန်။

ကာလတို (၃) လ သင်တန်း အပတ်စဉ်(၁) ဖွင့်လှစ်သင်ကြားမည်။

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) တွင် ကျွမ်းကျင်မှုအခြေပြုကာလတို (၃)လသင်တန်း အဖြစ် Motorcycle Mechanic Course ကို (၁၈.၁၁.၂၀၂၄)မှ (၁၈.၂.၂၀၂၅)ရက်နေ့အထိ သင်ကြားပေးသွားမှာဖြစ်ပါသည်။

စိတ်ပါဝင်စာသူများအနေဖြင့် သင်တန်းဝင်ညွှန်ကြားချက်နှင့် သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်တွင်လေ့လာပြီး Download ပြုလုပ်နိုင်ပါသည်။ 

Download