- Details
- Hits: 55
အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) တွင် NSSA အသိအမှတ်ပြု မော်တော်ယာဉ်စက်ပြင် အဆင့်(၁) စာမေးပွဲကို ၆.၂.၂၀၂၄ မှ ၁၁.၂.၂၀၂၄ ထိ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ စာမေးပွဲတွင် ပြင်ပကားဝပ်ရှော့မှ (၂၄) ဦး နှင့် သင်တန်းသား (၆) ဦး၊ စုစုပေါင်း (၃၀) ဦး ဝင်ရောက် စစ်ဆေးခံခဲ့ရာ ၂၆ဦး အောင်မြင်ခဲ့ပါသည်။
- Details
- Hits: 78
အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) ၏ အားကစားပြိုင်ပွဲများကို ၁၉.၁၂..၂၀၂၃ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ၇.၁.၂၀၂၄ ရက်နေ့တွင် ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ဘောလုံးပြိုင်ပွဲတွင် အင်ဂျင်ဌာနမှ ပထမ၊ လျှပ်စစ်ဌာနမှ ဒုတိယ၊ ဘော်ဒီဌာနမှ တတိယဆုတို့ အသီးသီးရရှိခဲ့ပါသည်။ ဘော်လီဘောပြိုင်ပွဲတွင် အင်ဂျင်ဌာနမှ ပထမ၊ ဘော်ဒီဌာနမှ ဒုတိယ၊ Chassis ဌာနမှ တတိယဆုတို့ အသီးသီးရရှိခဲ့ပါသည်။ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အင်ဂျင်ဌာနမှ ပထမ၊ Chassis ဌာနမှ ဒုတိယ၊ လျှပ်စစ်ဌာနမှ တတိယဆုတို့ အသီးသီးရရှိခဲ့ပါသည်။ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် CAD/CAM ဌာနမှ ပထမ၊ အင်ဂျင်ဌာနမှ ဒုတိယ၊ Chassis ဌာနမှ တတိယဆုတို့ အသီးသီးရရှိခဲ့ပါသည်။
- Details
- Hits: 94
၃၁.၁၂.၂၀၂၃ ညနေတွင် အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး)မှ ဝန်ထမ်းမိသားစုများနှင့် သင်တန်းသား/သူများ၏ ၂၀၂၄ နှစ်သစ်ကိုကြိုဆိုသော ညစာစားပွဲကို သင်တန်းကျောင်း၏ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
- Details
- Hits: 255
အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)နှင့် မကွေးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သင်တန်းကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ယာများ၊ သင်တန်းသား/သူအိပ်ဆောင်များအတွင်း သွေးလွန်တုပ်ကွေးဖြစ်စေမည့် ခြင်အန္တရာယ်မှ ကာကွယ်ရန် ရေကန်မျာ/ရေစည်များအား ဆေးခပ်ခြင်း၊ ဖုံး/သွန်/လဲ/စစ် လုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။
- Details
- Hits: 256
10.7. 2023 ရက်နေ့တွင် အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)ရှိ ဝန်ထမ်းများ/ဝန်ထမ်းမိသားစုဝင်များ၊ သင်တန်းသား/သူများ စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် (၁၁)နှစ်ပြည့် ကျောင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို သင်တန်းကျောင်းရှိ Auditorium ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
- Details
- Hits: 257
၂၀၂၃ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လာရောက်၍ အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)ရှိ ဝန်ထမ်းများနှင့် သင်တန်းသား/သူများအား သင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခုနှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day)အထိမ်းအမှတ် အခမ်းအနားကို "ဆင့်ပွားဆန်းသစ် အအေးပေးနည်းပညာ အနာဂတ်တိုးတက်ကောင်းမွန်ဖို့ ကျွန်ုပ်တို့အားလုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်စို့" "(The Next Generation Cooling: The Future is in our Hands) ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။