၂၀၂၃ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လာရောက်၍ အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)ရှိ ဝန်ထမ်းများနှင့် သင်တန်းသား/သူများအား သင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ယခုနှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day)အထိမ်းအမှတ် အခမ်းအနားကို "ဆင့်ပွားဆန်းသစ် အအေးပေးနည်းပညာ အနာဂတ်တိုးတက်ကောင်းမွန်ဖို့ ကျွန်ုပ်တို့အားလုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်စို့" "(The Next Generation Cooling: The Future is in our Hands) ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။