အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) ၏ အားကစားပြိုင်ပွဲများကို ၁၉.၁၂..၂၀၂၃ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ၇.၁.၂၀၂၄ ရက်နေ့တွင် ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ဘောလုံးပြိုင်ပွဲတွင် အင်ဂျင်ဌာနမှ ပထမ၊ လျှပ်စစ်ဌာနမှ ဒုတိယ၊ ဘော်ဒီဌာနမှ တတိယဆုတို့ အသီးသီးရရှိခဲ့ပါသည်။ ဘော်လီဘောပြိုင်ပွဲတွင် အင်ဂျင်ဌာနမှ ပထမ၊ ဘော်ဒီဌာနမှ ဒုတိယ၊ Chassis ဌာနမှ တတိယဆုတို့ အသီးသီးရရှိခဲ့ပါသည်။ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အင်ဂျင်ဌာနမှ ပထမ၊ Chassis ဌာနမှ ဒုတိယ၊ လျှပ်စစ်ဌာနမှ တတိယဆုတို့ အသီးသီးရရှိခဲ့ပါသည်။ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် CAD/CAM ဌာနမှ ပထမ၊ အင်ဂျင်ဌာနမှ ဒုတိယ၊ Chassis ဌာနမှ တတိယဆုတို့ အသီးသီးရရှိခဲ့ပါသည်။